Hear from some of this generation's most critical thinkers — လက်ရှိကျနော်တို့နိုင်ငံမှာတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး (national reconciliation) နဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကို အပတကုတ်ကျိုးစားနေကြတာဖြစ်ပါတယ်။ တိုင်းပြည်တွင်းမှာ မှီတင်း နေထိုင်ကြတဲ့ အများပြည်သူလက်ခံနိုင်မည့် အုပ်ချုပ်မှုစနှစ်နဲ့ နိုင်ငံအသစ်တစ်နိုင်ငံကို ဘယ်လိုတည် ဆောက်ကြမှာလဲဆိုတဲ့ state building process ကိုဖြတ်သန်းနေကြတာလို့ပြောရင်လည်း မမှားပါဘူး။ တနည်းအားဖြင့်ပြောရင်တော့ ကျနော်တို့နိုင်ငံကို ဘယ်လိုအုပ်ချုပ်မှုစနစ် ဘယ်လိုစုဖွဲ့မှု ပုံသဏ္ဍန်နဲ့ တည်ဆောက်မှာလဲဆိုတဲ့အချက်ပါ။ ဒီနေရာမှာ collective national identity ဒါမှမဟုတ် common national identity ဆိုတဲ့ဘုံကြန်အင်လက္ခဏာ တစ်စုံကို မတည်ဆောက်ပဲနဲ့ နိုင်ငံတော်သစ်တစ်ခု တည်ဆောက်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား ဆိုတဲ့မေးခွန်းပါ။ ဒီကနေ့ ကျနော်တို့တိုင်းပြည်မှာ ကျနော်တို့ရဲ့ national identity ကဘာတွေလဲ၊နိုင်ငံကိုခေါ်ဆိုတဲ့ အမည်နာမနဲ့ နိုင်ငံတွင်းမှာနေထိုင်ကြတဲ့လူမျိုးတွေက နားလည်လက်ခံထားတဲ့ အမည်နာမ တစ်ထပ် တည်းကျသလား၊နိုင်ငံတည်ဆောက်ရေးမှာ ငြိမ်းချမ်းရေးကိုရရှိဖို့ ကြိုးပမ်းနေကြတဲ့ကာလမှာ ဒါတွေဟာ ဘယ်လိုအရေးပါသလဲ ဘယ်လောက်အထိအရေးပါသလဲ ဆိုတာတွေကို အခုလက်ရှိလူငယ်မျိုးဆက် တွေရဲ့ ရှုထောင့်ကနေပြီး စဉ်းစားဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲဒီအပြင် ကျနော်တို့နိုင်ငံမှာ ပြောဆိုသုံးစွဲတဲ့ စာပေ ဘာသာစကား ယဉ်ကျေးမှု အစရှိတဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကိုလည်း အလျှဉ်းသင့် သလိုဆွေးနွေးသွားမှာပါ။
Space is very limited. If you are interested in attending, please let us know by February 21, 2019 at 09 768766587 or email: ayenyeinsoe@thabyay.org
Space is very limited. If you are interested in attending, please let us know by February 21, 2019 at 09 768766587 or email: ayenyeinsoe@thabyay.org